BMW, Mini နှင့် Land Rover ကားများအတွက် Programming နှင့် Software Update အထူးစပယ်ရှယ်ပြုလုပ်ပေးနေပါသည်။
Diagnosis, Repairing, Resetting, Coding, Programming လုပ်ဆောင်ခြင်းများကို မူရင်းကားထုတ်သော ကုမ္ပဏီ၏စံနှုန်းအတိုင်း လုပ်ဆောင်ပေးပြီး၊ လုပ်အားခ Service Charges ဈေးနှုန်းကို မြန်မာပြည်မှ လက်ခံနိုင်သောဈေးနှုန်းဖြင့် ပြုလုပ်ပေးပါသည်။
ကားပြုပြင်ခြင်းမှတ်တမ်းများကိုလည်း ၂နှစ်တိတိ ထိန်းသိမ်းထားပေးပါသည်။
BMW, Mini နှင့် Land Rover ကားများအတွက် Dealer Level အဆင့်ရှိသော England နိုင်ငံထုတ် Autologic Diagnosis ကွန်ပျူတာများဖြင့်လည်းကောင်း၊ ၎င်းကားများအတွက် Original Master keys ကားသော့များကိုလည်း အော်ဒါမှာယူပေးခြင်းများ လုပ်ဆောင်ပေးပါသည်။
Toyota ကားများအတွက် Toyota Denso Diagnosis ကွန်ပျူတာများဖြင့်လည်းကောင်း စမ်းသပ်ပြုပြင်ခြင်းများကို ကမ္ဘာ့အဆင့်မှီ လုပ်ဆောင်ပေးပါသည်။
ဥပမာ.
အင်္ဂလန်နိုင်ငံနှင့်ဂျာမနီနိုင်ငံထုတ် BMW, LandRover နှင့် Mini တို့ ၏ spare parts (OEM နှင့် Genuine) ကားပစ္စည်းများကို မူရင်းနိုင်ငံများမှ တိုက်ရိုက်မှာယူ ဖြန့်ဖြူးရောင်းချပေးပါသည်။
လုပ်ငန်းကျွမ်းကျင်သော GTI ( Mechanical Power) အင်ဂျင်နီယာများဦးစီး၍ ကားပြု ပြင်ခြင်းလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။ ၁၉၉၇ ခုနှစ်မှစ၍ Astra Chinthe Motor (BMW and Land Rover Dealer) တွင် ကျွမ်းကျင်သောနိုင်ငံခြားသား ကားအင်ဂျင်နီယာများနှင့် ၃နှစ် ပူးတွဲလုပ်ဆောင်ခဲ့ပါသည်။ ၁၉၉၉ ဒီဇင်ဘာလမှစ၍ ယခုတိုင် BMW, Land Rover, Mini နှင့် Toyota ကားများကို ပြု ပြင်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်လျက်ရှိပါသည်။ BMW, Land Rover, Mini တို့၏ car spare parts အပိုပစ္စည်းများကို ဥရောပနိုင်ငံများမှ တိုက်ရိုက်ဝယ်ယူတင်သွင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်သာ ရောင်းချပါသည်။ နောက်ဆုံးပေါ်ကားများအား ပြု ပြင်ခြင်း စမ်းသပ်ခြင်းနည်းပညာများကိုလည်း စဉ်ဆက်မပြတ် ဝယ်ယူလေ့လာဆည်းပူး၍ ကားထုတ်လုပ်သူတွေရဲ့ Car Manufacture’s Specification နည်းပညာအတိုင်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၀၈ ခုနှစ်မှစ၍ Toyota ကားများကို Toyota Denso ကားစမ်းသပ်ကွန်ပျူတာများဖြင့် စမ်းသပ်ပြု ပြင်ပေးနေပါသည်။ ၂၀၁၃ ခုနှစ်မှစ၍ UK နိုင်ငံထုတ် Original Autologic Diagnosis ကားစမ်းသပ်ကွန်ပျူတာများဖြင့် BMW, Land Rover နှင့် Mini ကားများကို စမ်းသပ်ပြု ပြင်ပေးလျက်ရှိပါသည်။
09-73147551 /01-707988
09 25 330 9922 / 09 25 330 9966
No. 26(b), Kaytumadi Street, 5th Ward,
Mayangone Township, Yangon, Myanmar.